⭐ လက်ဆောင်မွန်စာအုပ်ကို စာရေးဆရာ မြတ်ငြိမ်းမှ ဘာသာပြန်ဆိုပေးထားပြီး မူရင်းစာရေးဆရာသည် Spencer Johnson ဖြစ်ပါသည်။ Spencer Johnson သည် တောင်ကယ်လီဖိုးနီးယားမှ စိတ်ပညာအထူးပြုဖြင့် ဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး ခွဲစိတ်ကုဆရာဝန်များ တော်ဝင်ကောလိပ်မှ ဒေါက်တာဘွဲ့ (MD) ရရှိခဲ့ပါသည်။ ထို့နောက် ဟားဗတ်စီးပွားရေးတက္ကသိုလ်မှ ခေါင်းဆောင်မှုပညာရပ်ဖြင့် ဘွဲ့ ထပ်မံယူခဲ့ပါသည်။  Spencer Johnson သည် Who moved my cheese? စာအုပ်ဖြင့်လည်း Bestselling author award ကို ရရှိခဲ့ပါသည်။

⭐ ဤစာအုပ်တွင် စာရေးသူ၏အဓိကရည်ရွယ်ချက်သည် နေပျော်သောဘဝ ၊ အဓိပ္ပာယ်ရှိသော ဘဝများကို ဖန်တီးနိုင်ရန်နှင့် လုပ်ငန်းများဆောင်ရွက်တဲ့အခါ ရလာဒ်တွေပိုကောင်းလာအောင်၊ ပို၍စိတ်ချမ်းသာလာအောင် ဆောင်ရွက်ရမည့်နည်းလမ်းများကို စာရေးသူက တင်ပြရေးသားထားခြင်းဖြစ်ပါသည်။

⭐ လက်ဆောင်မွန်သည် မှော်ပညာမဟုတ်သလို ဂါထာမန္တာန်တွေလည်း မဟုတ်ပေ။ အောင်မြင်ခြင်းသည် စိတ်ထဲတွင်အရေးကြီးသည်ဟု ထင်မှတ်ထားသောအရာကိုရရှိရန် အခြေအနေကောင်းလာခြင်းကို ဆိုလိုသည်။ အောင်မြင်မှုသည် ကိုယ်တိုင်ရွေးချယ်ရမည့်အရာဖြစ်ပြီး ပစ္စုပ္ပန်မှာဖြစ်တည်နေထိုင်သောအခါတွင် ပျော်ရွှင် ကျေနပ်စရာကောင်းသော အောင်မြင်မှုတွေရရှိလာမှာပဲဖြစ်ပါသည်။

⭐ ဆင်းရဲဒုက္ခအရောက်ဆုံးအခြေအနေတွေမှာတောင် ပစ္စပ္ပုန်ကာလ၌ အဆင်ပြေချောမွေ့သော အကြောင်းအရာတွေကို အာရုံပြုထားလျှင် ပို၍စိတ်ချမ်းမြေ့နိုင်မည်ဖြစ်ပြီး မှားနေသောအရာတွေကို ပြန်ပြီးတည့်မတ်လာအောင်၊ လိုအပ်နေတဲ့အားမာန်တွေ ယုံကြည်မှုတွေ ပေးနိုင်ပါလိမ့်မည်။ တကယ်တမ်းတွင် အခြေအနေအများစုသည် အမှားနဲ့ အမှန် ၊ အကောင်းနဲ့အဆိုး ရောနှောနေခြင်းဖြစ်ပြီး ဘယ်လိုအမြင်နဲ့ ကြည့်သလဲဆိုတာ မူတည်ပါတယ်။

⭐ အမှားအယွင်းနှင့် အဆင်မပြေမှုတွေကို များများကြည့်မိလေ အားမာန်နှင့် ယုံကြည်မှုတွေ နည်းလေပဲ ဖြစ်ပါတယ်။ အဆင်ပြေတဲ့အကြောင်းအရာတွေကို တန်ဖိုးထားလေလေ  ပိုပြီးစိတ်ချမ်းသာရလေပဲ ဖြစ်ပါတယ်။ နာကျည်းကြေကွဲစရာ အခြေအနေတွေနဲ့ ကြုံတွေ့ရသောအခါ တစ်ခုခုနှင့်အာရုံပြောင်းဖို့ ကြိုးစားမည့်အစား ယင်းအတွေ့အကြုံတွေကနေ သင်ခန်းစာယူတတ်ရန် အရေးကြီးပါသည်။

⭐ ပစ္စပ္ပုန်မှာ တည်အောင်နေခြင်းသည် အာရုံပျံ့လွင့်မှုတွေကိုဖယ်ထုတ်ပြီး အဓိကအရေးကြီးတာတွေကို အာရုံစိုက်ခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အာရုံဝင်စားခြင်းသည် ကျွန်တော်တို့အတွက် ကျွန်တော်တို့ကိုယ်တိုင် ဖန်တီးလိုက်တဲ့ လက်ဆောင်မွန်ပဲဖြစ်ပါတယ်။ ယခုလက်ရှိအခိုက်အတန့်မှာ ဖြစ်ပျက်နေတာတွေအပေါ်အာရုံစိုက်၍ အဆင်ပြေချောမွေ့တဲ့ အနေအထားကို ကျေးဇူးတင်ဝမ်းမြောက်ပြီး ယင်းဝမ်းမြောက်မှုအပေါ်တွင် ထပ်ဆင့်တည်ဆောက်ယူရမှာဖြစ်ပါတယ်။

⭐ လုပ်ငန်းခွင်တွင် ပြောင်မြောက်စွာ စွမ်းရည်ပြသချင်ပါက လတ်တလောအရေးကြီးနေတာကို ဂရုစိုက်အလေးထားပြီး ပစ္စပ္ပုန်ကို တည်ကြည်စွာရှုထားဖို့ အ‌ရေးကြီးကြောင်း ကောက်နှုတ်တင်ပြလိုက်ပါသည်။

=============================================================================

⭐ကျွန်တော်တို့ New Life Worldwide အနေဖြင့် ဂျပန်ဘာသာစကားသင်တန်းများနှင့် Tokutei ကျွမ်းကျင် သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနေပြီး သင်တန်းကျောင်းနှင့် အေဂျင်စီတွဲဖက်ထားသည့်အတွက် N4 level သင်ယူပြီးမြောက်ပါက အင်တာဗျူး၀င်နိုင်ရန် တာ၀န်ယူဆောင်ရွက်ပေးမှာဖြစ်လို့ အမြန်ဆုံးသာလှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ် …

=============================================================================

🎯ယုံကြည်ရာကို ရဲဝံ့စွာ လျှောက်လှမ်းပါ . . .

♥ အကူအညီလိုအပ်ပါက ကျွန်ုပ်တို့ကိုဆက်သွယ်ပါ . . .

=============================================================================

Call Now:
☎ +95 9 88 99 44 374

Message Now
📭 m.me/newlifeworldwide

Office Address
🏢 No.61/10, 1st Floor, Kabaraye Pagoda Road, Parami (10) Quarter, Mayangone Township, Yangon. (Corner of Parami Road & Kabaraye Pagoda Road, Chawdwingone Junction)

—————————————————————————————————————————————

#newlifeworldwide   #Motivational_Monday
#japaneselanguage #japaneseschool
#japaneselearning
#N3 #N4 #N5 #tokutei
#overseasjobopportunities #japanesejobopportunities