⭐What is survival mode? Survival mode ဆိုတာဘာလည်း? ကျနော်တို့တွေ TV game ကစားသည့်အခါ ကစားချင်တဲ့ Mode တွေကိုရွေးချယ်ပေးရပါတယ်။ ပုံမှန်အားဖြင့် Normal mode ကိုသာရွေးချယ်ကစားကြပြီး Survival mode ကိုမကစားကြပါဘူး။ တချို့တလေကတော့ Survival mode ကိုကစားရမှန်းတောင် မသိကြတဲ့သူတွေရှိနိုင်သလို Normal mode ထက်ခက်ခဲပြီး အနိုင်ရဖို့ မလွယ်ကူသည့်အတွက် မကစားတာလည်းဖြစ်နိုင်ပါတယ်။ Survival ဆိုသည့်အတိုင်း အနိုင်ရရှိဖို့ အရမ်းကိုခက်ခက်ခဲခဲ ကြိးစားရုန်းကန်ရပါတယ်။ In-game ထဲက Survival mode ကိုတော့ ကျွန်တော်တို့ မကစားချင်တော့ရင် (သို့မဟုတ်) မနိုင်တော့ရင် အစကပြန်စလို့ရပါတယ်။

⭐သို့သော် Real world survival mode ကိုတော့ ကျွန်တော်တို့ မကစားချင်လည်း ဆက်ပြီးကစားရပါမယ်။ မသွားချင်လည်း ဆက်ပြီးသွားရပါမယ်။ အနိုင်ရရှိအောင် အစွမ်းကုန် Survive လုပ်ပြီး ကြိုးစားကျော်ဖြတ်ရပါမယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ အ‌‌ေခြအနေအရပ်ရပ် ကြုံတွေ့နေရတဲ့ အခက်အခဲတွေအရ ကျွန်တော်တို့အားလုံးသည် Survival mode ထဲကိုရောက်နေကြပါတယ်။ ပိုပြီးသန်မာတဲ့သူတွေက ဖြတ်ကျော်နိုင်မှာဖြစ်ပြီး အားနည်းတဲ့သူတွေကတော့ ကျန်ခဲ့ရမှာပါ။

⭐ဂျပန်နိုင်ငံမှာ အလုပ်လုပ်ရင်း ၀င်ငွေအများကြီးရှာချင်တဲ့ ညီလေး၊ ညီမလေးများအားလုံးလည်း Tokutei စာမေးပွဲများ ဖောင်လုံလောက်စွာမရရှိခြင်း၊ Individual များအတွက် Passport Process ယာယီရပ်စဲထားခြင်း၊ Demand များရရှိမှုနည်းသည့်အတွက် အင်တာဗျူး၀င်ရန်စောင့်ဆိုင်းရခြင်း အစရှိသည့် မိမိတို့ထိန်းချုပ်၍မရသည့် အခြေအနေတွေကြောင့် စိတ်ပင်ပန်းခံစားပြီး နစ်မြောမနေဘဲ မိမိတို့လုပ်‌ေဆာင်နိုင်သည့် ဂျပန်စာ Level အဆင့်မြင့်မားအောင်ပို၍လုံ့လ၀ီရိယထုတ် ကြိုးစားခြင်း၊ Tokutei သင်တန်းများတက်ရောက်ထားခြင်း၊ ဂျပန်နိုင်ငံဆိုင်ရာ သိသင့်သိထိုက်သည့် ဗဟုသုတများကိုလေ့လာထားခြင်းတို့ကို စဉ်ဆက်မပြတ် လုပ်ဆောင်သင့်ကြောင်း စေတနာများစွာဖြင့် အကြံပြုလိုပါသည်။

⭐ဂျပန်နိုင်ငံမှအလုပ်ရှင်များသည် အလုပ်သမားခေါ်ယူရာတွင် မြန်မာလုပ်သားများကိုသာခေါ်ယူခြင်းမဟုတ်ဘဲ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား နိုင်ငံများမှ လုပ်သားများကိုလည်း ခေါ်ယူသည့်အတွက် မိမိတို့သည် တခြားနိုင်ငံမှ လုပ်သားများနှင့်ယှဉ်ပြိုင်ပြီး အလုပ်ရရှိရန်အင်တာဗျူးဖြေဆိုရသည့်အတွက် မိမိတို့ဘက်မှ အရည်အချင်းပြည့်မီအောင် ကြိုးစားထားရန် အထူးအရေးကြီးလှပါသည်။ မိမိတို့မှ ဂျပန်အလုပ်ရှင်များလိုချင်သည့် အရည်အသွေးများပြည့်စုံနေပါက အလုပ်အကိုင် အခွင့်အလမ်း များစွာရရှိနိုင်မှာဖြစ်ပါသည်။

=============================================================================

⭐ကျွန်တော်တို့ New Life Worldwide အနေဖြင့် ဂျပန်ဘာသာစကားသင်တန်းများနှင့် Tokutei ကျွမ်းကျင်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနေပြီး သင်တန်းကျောင်းနှင့် အေဂျင်စီတွဲဖက်ထားသည့်အတွက် N4 level သင်ယူပြီးမြောက်ပါက အင်တာဗျူး၀င်နိုင်ရန် တာ၀န်ယူဆောင်ရွက်ပေးမှာဖြစ်လို့ Survival mode ကို အတူတူ ကျော်ဖြတ်ချင်ပါက အမြန်ဆုံးသာလှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ် …

=============================================================================

🎯ယုံကြည်ရာကို ရဲဝံ့စွာ လျှောက်လှမ်းပါ . . .

♥ အကူအညီလိုအပ်ပါက ကျွန်ုပ်တို့ကိုဆက်သွယ်ပါ . . .

=============================================================================

Call Now:
☎ +95 9 88 99 44 374

Message Now
📭 m.me/newlifeworldwide

Office Address
🏢 No.61/10, 1st Floor, Kabaraye Pagoda Road, Parami (10) Quarter, Mayangone Township, Yangon.                                                                         (Corner of Parami Road & Kabaraye Pagoda Road, Chawdwingone Junction)

——————————————————————————————————————————————————————————————————–

#newlifeworldwide
#japaneselanguage #japaneseschool
#japaneselearning
#N3 #N4 #N5 #tokutei
#overseasjobopportunities #japanesejobopportunities