⭐ Opportunity (အခွင့်အလမ်း)သည် တစ်ကြိမ်တစ်ခါတည်းဖြင့် ရယူပိုင်ဆိုင်နိုင်ဖို့ မလွယ်ကူသလို တစ်ကြိတစ်ခါ ကြိုးစားရုံဖြင့် ရရှိသွားသည့် အခွင့်အလမ်းသည်လည်း ရှားပါးလှပါသည်။
⭐ ကမ္ဘာပေါ်ရှိ ထင်ရှား ကျော်ကြား လူသိများလှသည့် ပုဂ္ဂိုလ်ကြီးများသည်လည်း အောင်မြင်မှု အခွင့်အလမ်းကို မည်သူမျှ အလွယ်တကူမရရှိခဲ့ပေ။ ကျွန်တော်တို့ လက်ရှိအသုံးပြုနေသည့် လျှပ်စစ်မီးသီးကို တီထွင်ခဲ့သည့် Thomas Alva Edison (1847 – 1931) သည် ရှုံးနိမ့်မှု အကြိမ် ၁၀၀၀၀ ခန့်ကို ဖြတ်ကျော်ခဲ့ပြီးမှ အောင်မြင်မှုကိုရရှိခဲ့ပါသည်။
⭐ အလုပ်တစ်ခုရရှိဖို့အတွက် အင်တာဗျူးသည် မဖြစ်မနေ ဖြတ်ကျော်ဝင်ရောက်ရမည့် ပထမဦးဆုံး တံခါးပေါက်ဖြစ်ပေသည်။ အင်တာဗျူးကို တစ်ကြိမ်တည်းဝင်ရုံမျှဖြင့် အလုပ်ရရှိဖို့ဆိုသည်မှာ လုံးဝမဖြစ်နိုင်ပေ။ ပထမဦးဆုံးတံခါးပေါက်ကို အောင်မြင်စွာဖြတ်ကျော်နိုင်ရန် မိမိတွင်လုံလောက်သည့် အရည်အချင်း၊ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများ ပြည့်စု့နေဖို့ လွန်စွာအရေးကြီးလှပေသည်။
⭐ အင်တာဗျူးခွင့်ရနေခြင်းကပင်လျှင် မိမိအတွက် အောင်မြင်မှုကို ဖမ်းဆုပ်နိုင်မည့်လမ်းကြောင်းပေါ် ရောက်နေပြီဟု မှတ်ယူရမည်ဖြစ်ပြီး တစ်ကြိမ်တစ်ခါ မအောင်မြင်ရုံဖြင့် စိတ်ပျက်၊ အားလျော့ရမည် မဟုတ်ဘဲ မိမိဘက်က လိုအပ်ချက်များကို အကောင်းဆုံးပြင်ဆင်ပြီး နောက်ထပ်တစ်ကြိမ် အခွင့်အလမ်းပေါ်ပေါက် လာပါက အမိအရဖမ်းဆုပ်နိုင်ရန် အထူးကြိုးစားရပါမည်။
⭐ ကံ၊ ဥာဏ်၊ ဝီရိယ ဤ (၃)ချက် ပေါင်းစပ်ပြီး ပြင်းပြသောစိတ်ဆန္ဒဖြင့် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်နေမည်ဆိုပါက အလုပ်အကိုင်အခွင့်အလမ်းကောင်းများကို အလွယ်တကူရရှိနိုင်ကြမည်မှာ မလွဲမသွေ ဖြစ်ပေသည်။
=============================================================================
⭐ကျွန်တော်တို့ New Life Worldwide အနေဖြင့် ဂျပန်ဘာသာစကားသင်တန်းများနှင့် Tokutei ကျွမ်းကျင် သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနေပြီး သင်တန်းကျောင်းနှင့် အေဂျင်စီတွဲဖက်ထားသည့်အတွက် N4 level သင်ယူပြီးမြောက်ပါက အင်တာဗျူး၀င်နိုင်ရန် တာ၀န်ယူဆောင်ရွက်ပေးမှာဖြစ်လို့ အမြန်ဆုံးသာလှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ် …
=============================================================================
🎯ယုံကြည်ရာကို ရဲဝံ့စွာ လျှောက်လှမ်းပါ . . .
♥ အကူအညီလိုအပ်ပါက ကျွန်ုပ်တို့ကိုဆက်သွယ်ပါ . . .
=============================================================================
Call Now:
☎ +95 9 88 99 44 374
Message Now
📭 m.me/newlifeworldwide
Office Address
🏢 No.61/10, 1st Floor, Kabaraye Pagoda Road, Parami (10) Quarter, Mayangone Township, Yangon. (Corner of Parami Road & Kabaraye Pagoda Road, Chawdwingone Junction)
————————————————————————————————————————————–
#newlifeworldwide #Motivational_Monday
#japaneselanguage #japaneseschool
#japaneselearning
#N3 #N4 #N5 #tokutei
#overseasjobopportunities #japanesejobopportunities
English
日本語